Thursday 7 February 2013

အသက်ရှည်အလှူ (၅) မျိုး၊အသက်ရှည်ကြောင်း ကုသိုလ်ကောင်းမှု (၆) ခု နှင့် အသက်ရှည်နည်း ၁၀-ချက်

- တိရစ္ဆာန်သတ္တဝါအား တစ်နပ်စာကျွေးမွေးခြင်းကြောင့် ဘဝ တစ်ရာ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း ချမ်းသာကြီးခြင်း၊ ဥာဏ်ပညာကြီးခြင်း အကျိုးငါးပါးရ၏။

- သီလမရှိသော ပုထုဇဉ်ကို တစ်နပ်စာ ကျွေးမွေးလျှင် ဘဝ တစ်သောင်း ကောင်းကျိုးငါးပါး ခံစားရ၏။

- သီလရှိသော ပုထုဇဉ်ကို တစ်နပ်စွာကျွေးမွေးလျှင် ဘဝတစ်သိန်း ကောင်းကျိုးငါးပါးခံစားရ၏။

- သာသနာပဈာန်ရ ရသေ့အား တစ်နပ်စာ ကျွေးမွေးလျှင် ဘဝကုဋေတစ်သိန်း ကောင်းကျိုးငါးပါး ခံစားရ၏

- သရဏဂုံ သီလရှိသော လူသာမဏေ စသော သောတာပတ္တိ မဂ် တည် ပုဂ္ဂိုလ်ကို တစ်နပ်စာကျွေးမွေးလျင် ဘဝအသင်္ချေ ကောင်းကျိုး ငါးပါး ခံစားရ၏။

- ဤမှအထက် မြတ်စွာဘုရားတိုင်အောင် အသင်္ချေ ဆင့်ကာ ဆင့်ကာ ကောင်းကျိုး ငါးပါး ခံစားရရှိနိုင်သည်။
++++++++++++++++++++
အသက်ရှည်ကြောင်း ကုသိုလ်ကောင်းမှု ဤခြောက်ခု

၁။ ရေစစ်လှူခြင်း။

၂။ ဆေးလှူခြင်း။

၃။ သီတင်းသုံးရန် ကျောင်းအဆောက်အအုံ လှူခြင်း။

၎။ ပျက်စီး ယိုယွင်း ဟောင်းမြင်းနေသော လမ်း, တံတား, အဆောက်အအုံ စသည်များ ပြင်ဆင်ခြင်း။

၅။ ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းခြင်း။

၆။ ရှစ်ပါးသီလ စသည့် ဥပုသ်သီလ ဆောက်တည်ခြင်း။

ရေစစ်,ဆေး,ကျောင်း၊ အဟောင်းပြုပြင်၊ ပဉ္စင်,အဋ္ဌ၊ သီလမည်သာ၊ ဤခြောက်ဖြာလည်း၊ ဒီဃာယုက၊ ပုညခေါ်ရိုး၊ ကျင့်တမျိုးတည့်၊ အားကြိုးသမှု၊ ဆောက်တည်ပြုက၊ ယခုဒိဋ္ဌ၊ ဤဘ၀၌၊ သုခပွားစည်၊ စည်းစိမ်တည်၍၊ သက်ရှည်ဘုန်းကြီး၊ အံ့မပြီးအောင်၊ ၀ှဲခြီးလူ့ဘောင်၊ ဘ၀နောင်လည်း၊ အခေါင်ဓိမိုင်း၊ တုမဲ့နှိုင်းသည်၊ ဖြစ်တိုင်းကျော်ရမည် ကိုကား။
++++++++++++++++++++
အသက်ရှည်နည်း ၁၀-ချက်

အမေရိကန်နိုင်ငံရှိ လူမှုရေး ပညာရှင်များနှင့် ဆေးပညာရှင်များ ပူးပေါင်း၍ အသက် ၁၂၁-နှစ်၊ ၁၂၂-နှစ် သက်ကြီးရွယ်အိုများအား သုတေသနပြုခဲ့ရာ ကျန်းမာသက်ရှည်နည်း ၁၀-ချက်ကို တွေ့ရှိခဲ့သည်။

(၁) အိပ်ရာမှ စောစောထပြီး လမ်းလျှောက်ခြင်း။

(၂) နံနက်စာ မှန်မှန် စားသုံးခြင်း။

(၃) နံနက်စောစော ရေများများ သောက်ခြင်း။

(၄) နေ့လယ်နေ့ခင်း ၁၅-မိနစ်၊ သို့မဟုတ် နာရီဝက် နားပြီးနောက် အငြိမ်မနေဘဲ အလုပ်ရှာလုပ်ခြင်း။ ဥပမာ-ရေခပ်ခြင်း၊ စာရေးစာဖတ်ခြင်း။

(၅) ညနေစာ ညစာ လျှော့စားခြင်း။

(၆) ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ တောလမ်းခရီး လျှောက်သွားခြင်း၊
တောတောင်ရေမြေ သဘာဝရှုခင်း ခံစားခြင်း။

(၇) သူတပါးကိစ္စ၊ ရပ်ရေးရွာရေးကိစ္စရပ်များကို စိတ်အားထက်သန်စွာ အကျိုးဆောင်ရွက်ခြင်း။

(၈) တယောက်နည်းမနေဘဲ ၀ိုင်းဖွဲ့ရယ်မော စကားပြောခြင်း၊ သီချင်းဆိုခြင်း၊ ပူပင်သောကကို ဖယ်ထုတ်ပြီး ပျော်ပျော်နေခြင်း။

(၉) ကိုယ်ကာယ လေ့ကျင့်မှု၊ လှုပ်ရှားမှုများကို မပြင်းမထန် နေ့စဉ်မှန်မှန် လုပ်ဆောင်ခြင်း။

(၁၀) သူတပါးအပေါ် ဘယ်တော့မှ မကောင်းမကြံဘဲ ရန်သူမိတ်ဆွေအားလုံးအတွက် ဆုတောင်းမေတ္တာပို့သခြင်း။

No comments:

Post a Comment