Thursday 7 February 2013

ထီးလှုရခြင်း အကျိုး(၈)မျိုး




၁။ ထီးလှူတဲ့ကုသိုလ်ရှင်များဟာ ဖြစ်လေရာဘ၀တိုင်းမှာ အချမ်းမရှိ၊ ချမ်းလိုက်တာဆိုတာမျိုး မရှိ၊ အအေးဥတုဒဏ်ကို ခုခံကာ ကွယ်နိုင်ခြင်း၊ အေးခြင်းကြောင့် သူ့မှာ အဆောတလျင် ဖောက်ပြန် တုန်လှုပ်သွားတာ မရှိ(မဖြစ်၊ မသိ)၊

၂။ အပူဒဏ်ကို ခုခံကာကွယ်နိုင်ခြင်း၊

၃။ ရဇောဇလ္လံ န လိမ္ပတိ-ကြေးတွေ ညှော်တွေ မြှူမှုံတွေ ဖုံတွေ သံတွေ အမိုက်သရိုက်တွေ လွယ်ကူစွာ မတင်းနိုင်ခြင်း၊ မသက်ရောက်ခြင်း
မပေးခြင်း၊

၎။ ဘေးရန်ပျောက်ပျက် အနှောက်အယှက် ကင်းစင်ခြင်း၊

၅။ အသားအရေ ၀င်းဝင်းဖန့်ဖန့် ဖြူဖြူဖွေးဖွေး လှပတောက်ပခြင်း၊

၆။ အသားအရေ နှုးညံ့သိမ့်မွေ့ခြင်း ပြေပြစ်ညက်ညော ချောမောခြင်း၊

၇။ အချိန်မရွေး စိတ်တွေ အေးချမ်းပြီး စိတ်တွေ ကြည်ပြီး စိတ်တွေ သန့်သန့်ရှင်းရှင်းနဲ့ နေရခြင်း၊ စိတ်အေးလက်အေး နေရခြင်း၊ စိတ်ကြည် ကိုယ်ကြည်ပြီးတော့ သမာဓိနဲ့ နေနိုင်ခြင်း၊

၈။ ထီးလှူရတဲ့ ကုသိုလ်ရှင်များ သံသရာစခန်း နိဗ္ဗာန်သွားလမ်းကြီး တစ်လျှောက်လုံးမှာ ထီးတွေလို အထက်တန်းစခန်းကနေပြီးတော့ သူတစ်ပါးအပေါ်မှာ လွှမ်းမိုးသြဇာသက်ရောက်ပြီးသကာလ အာဏာပိုင်စိုး တန်ခိုးကြီးထွားတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေ ဖြစ်ရခြင်း။


No comments:

Post a Comment