Tuesday 3 September 2013

၂၄ - ကြိမ်မြောက် ဒါနကုသလအဖွဲ့  ဖြူးမြို့ (ရပ်ဝေး) ဆွမ်းကပ်ခရီး

  ဒါနကုသလအဖွဲ့ ( ဖြူးမြို့  ) -၂၄-ကြိမ်မြောက် အဖြစ် မန္တလေးမြို့  မဟာဂန္ဒာရုံကျောင်း ၊ မင်းကွန်းတိ-နိ ကျောင်း တို့ တွင် တစ်နေ့ တာဆွမ်းကပ်ရန် ၁၂.၉.၂၀၁၃ နေ့ တွင် ဖြူးမှထွက်ပါမည်။

Thursday 29 August 2013

ဖြည်းဖြည်း သက်သာ ပြုသင့်  တဲ့ အရာ ၅ မျိုး

၁။ ပညာ သင်တဲ့  အခါမှာ
၂။စီးပွား ရှာတဲ့  အခါမှာ
၃။တောင်တက်တဲ့  အခါမှာ
၎။ကာမဂုဏ် ခံစားတဲ့  အခါမှာ
၅။ဒေါသ အမျက် ထွက်တဲ့  အခါမှာ
     (လောကနီတိ)

သရဘင်္ဂဇာတ် လာ သူတော်ကောင်း လက္ခဏာ

၁။ မိမိ အား ပြုဖူးသော ကျေးဇူး ကို သိတတ်ခြင်း
၂။သိတဲ့ အတိုင်း ကျေးဇူး ဆပ်ခြင်း
၃။တည်ကြည်သော စိတ်သဘော ရှိခြင်း
၎။မိတ်ကောင်းဆွေကောင်း အင်္ဂါနှင့် ပြည့် စုံခြင်း
၅။ချဉ်းကပ်သင့်  ချဉ်းကပ်ထိုက်တဲ့ သူကို သတိထားရ်ျ စွဲမြဲစွာ ချဉ်းကပ်ခြင်း
၆။ဆင်းရဲ နွမ်းပါး နေတဲ့  မိတ်ကောင်း ဆွေကောင်း ခင်ပွန်းကောင်း ရဲ့ အမှုကိစ္စကို ဆောင်ရွက်ပေးခြင်း
        

သူတော်ကောင်း လက္ခဏာ

သူတော်လက္ခဏာ ။ ဆယ့် နှစ်ဖြာကား.....
စိတ်ထား ရှည်စွာ ။ မ၀ါကြွားခြင်း.....
မပြင်း ဒေါသ ။ မာန မထူး ....
ကျေးဇူး သိမြင် ။ ဂုဏ်လျှင် မပြိုင် ....
ပြည့် လှိုင် တင့် နိုး ။ကိုယ်ကျိုး ကိုသာ ....
မရှာ ပေလစ် ။သူ့ အပြစ်ကို ....
မှတ်ဆစ် မထား ။သူတစ်ပါးကို ....
စကား ပြစ်တင် ။မဆိုချင်ရှောင်း ....
မကောင်မှု၌ ၊ မကြိုက် မရွှင် ....
ကောင်းမှု မြင်သော် ၊ ကြည်လင်ဝမ်းသာ ....
သည်းခံ မှာလည်း ၊များစွာ ရှိသော် ...
လူသူတော်ဟု ၊အံ့ သြော် သိမြင် ....
မှတ်တုံ ကျင်လော့  ။    ။
           (လောကနီတိ ပျို့  )

Monday 29 July 2013

မြဝတီ တိုက်ရိုက်အစီအစဉ်ဖြစ်သော MYAWADY LIVE ကို မိမိ MOBILE ဖုန်းထဲမှ တိုက်ရိုက်ကြည့်ရှု့နည်း




မြဝတီတိုက်ရိုက် အစီအစဉ်ကို ကြည့်ရှု့ရန် မိမိ mobile ဖုန်းတွင် Android Version 2.3.6 နှင့်အထက် ရှိရမည်ဖြစ်သည်။ ထို့နောက် မြဝတီမှ Download ပေးသော VPlayer apk ကို
မိမိဖုန်းတွင် Install ပြုလုပ်ရမည် ဖြစ်သည်။ ထို့နောက် mobile ဖုန်းအတွင်းမှ VPlayer ကို အောက်တွင် ပြထားသည့် ပုံပါအတိုင်း Setting ပြုလုပ်ရမည် ဖြစ်ပါသည်။


Samsung Galaxy Phone/Tablet တွေကို လွယ်လွယ်ကူကူ Root လုပ်နည်း


Samsung Galaxy Phone/Tablet တွေကို လွယ်လွယ်ကူကူ Root လုပ်နိုင်တဲ့ Root Apk  လေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်.. တော်တော်များများ ဒီ Apk လေးကိုသိကြမှာပါ

အခုမှ Samsung galaxy Phone/Tablet တွေ စသုံးတဲ့ ဘော်ဒါတွေ Root ဖောက်ဖို့ တိုင်ပတ်နေတဲ့ဘော်ဒါတွေအတွက် Computer မလိုဘဲ အလွယ်တစ်ကူ Root ဖောက်လို့ ရပါတယ် ကျွန်တော် Samsung Tablet/Phone တော်တော်များများစမ်းပြီသွားပါပြီ အာလုံးအဆင်ပြေပါတယ်... အရင်ဆုံး Root မလုပ်ခင်မိမိဖုန်းကို အင်တာနတ်ချိတ်ပေးထားရပါမယ်...


Monday 25 February 2013

ဓမ္မ ၏ ပင်ကိုယ်သတ္တိ



ဓမ္မသည် ရေနှင့်သဘောခြင်း အလွန်နီးစပ်၏။ ရေကို လူတွေအားလုံး
နေ့စဉ်သောက်သုံးနေသည်။ရေကို သုံးစွဲသည့်အခါ -

(က) Person (ပုဂ္ဂိုလ်မရွေး)
လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး၊ အချောအလှမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ အယုတ် အလတ်အမြတ်မရွေး ပုဂ္ဂိုလ် တိုင်း သုံးစွဲနိုင်သည်။

(ခ) Place - (နေရာမရွေး)
နိုင်ငံတွေ၊ မြို့တွေ၊ ရွာတွေ၊ အိမ်တွေ မရွေးဘဲသုံးစွဲနိုင်ကြသည်။

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ



စာတွေများပေမဲ့ ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော

အချက်များမို့ သေချာဖတ်ပေးစေလိုပါသည်။



အ ချိန် ရွေး မ နေ နှင့်။

ဥပုသ်စောင့်ရခြင်း၏ အဓိက ရည်ရွယ်ချက်


ဥပုသ်စောင့်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မတော်မတရားလိုချင်မှု လောဘ၊
ကြမ်းကြုတ်မှု ဒေါသ၊ မိုက်မဲတွေဝေမှု မောဟ တို့ နည်းပါးအောင် လုပ်ခြင်းပင်ဖြစ်ပါသည်။ အဆင်းအာရုံ၊ အသံအာရုံ စသော ငါးဖြာအာရုံတို့အပေါ်မှာ မှီပြီး မကောင်းတဲ့ စိတ် မ၀င်မိအောင်၊ မဖြစ်ပေါ်လာအောင် ကြိုးစားခြင်းကို ဥပုသ်စောင့်ခြင်း ဟုခေါ်ပါသည်။

Saturday 9 February 2013

အားလုံး မင်္ဂလာပါဗျာ။စမ်းသပ်နေဆဲ ဖြစ်ပါတယ်။ပိုစ့် တွေ တင်ပေး ပါတော့ မယ်။

ဒါနကုသလ အသင်း ဖြူးမြို့  (၂၄)နှစ် ခရီးေ၇ာက်ရှိနေပါပြီ။ယနေ့ ထိ ပါဝင်လှူဒါန်းကြတဲ့ အသင်းဝင်များကြောင့် သာ ဆက်လက်တည်ရှိနေတာဖြစ်ပါတယ်။ဦးဆောင်အဖွဲ့ အနေဖြင့် စွမ်းနိုင်သရွေ့ ဆက်လက်လုပ်ဆောင်သွားပါမယ်။

Thursday 7 February 2013

တန်ဖိုးရှိလောကနိတီများ

ပျင်းရိခြင်း၏အကျိုးဆက် ပျင်းသောသူအား အတတ်ပညာ အဘယ်မှာ တတ်အံ့နည်း။
အတတ်ပညာမရှိသောသူအား ဥစ္စာအဘယ်မှာ ရအံနည်း။
ဥစ္စာမရှိသောသူအား ချမ်းသာအဘယ်မှာ ရအံနည်း။
ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာ ရအံ့နည်း။
ကောင်းမှုမရှိသောသူအား နိဗ္ဗာန် အဘယ်မှာ ရနိုင်ပါအံ့နည်း။

မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော 'မာရ် ငါးပါး'

`မာရ်´ ဟူသော ပါဠိစကား၏ အနက်မှာ `သေခြင်း´ဟူ၍ ဖြစ်သည်။ ပါဠိဓာတ်ကျမ်းများက `မရ ၊ ပါဏစာဂေ ၊ မရဓာတ်သည် အသက်ကို စွန့်စေခြင်း အနက်၌ ဖြစ်၏။´ဟု ဆိုသည်။ ပါဠိအင်္ဂလိပ် အဘိဓာန်များက `မာရ´ကို Death သေခြင်း ဟု ဖွင့်ဆိုကြသည်။
`မာရ၊ မာရ´ဟူသည် သေခြင်းကို ဆိုလိုပေသည်။
`မာရဓမ္မ´ဟူသည် သေခြင်းတရား ပင်ဖြစ်သည်။ ဟူ၍ ဖွင့်ပြတော်မူထားသည်။ 
သို့ဖြစ်၍ သက်ရှိသတ္တ၀ါများ သေခြင်း၊ သေစေခြင်းကို `မာရ...မာရ်´ဟုခေါ်ကြောင်း လက်ရင်းကျကျ မှတ်သားရပါသည်။ သတ္တ၀ါများ သေရခြင်း၏ အကြောင်း၊ သေခြင်းမကင်းရသည့် အကြောင်းများကို ရှာကြည့်သော် ငါးမျိုး တွေ့ရသည်။
  1. ဒေ၀ပုတ္တ မာရ် = မာရ်နတ်
  2. ကိလေသ မာရ် = ကိလေသာဆယ်ပါး
  3. အဘိသင်္ခါရ မာရ် = ပြုပြင်စီရင်မှု
  4. ခန္ဓ မာရ် = ခန္ဓငါးပါး
  5. မစ္စု မာရ် = သေခြင်းတရား တို့ဖြစ်သည်။

တရားအဘိဓမ္မာ နာကြားရခြင်းအကျိုး (၅)ပါး နှင့် ဆုံးမခြင်း အင်္ဂါ ( ၅ )ပါး

တရားအဘိဓမ္မာ နာကြားရခြင်းအကျိုး (၅)ပါး

တရားနာခြင်းကို "ဓမ္မဿဝန" ဟုခေါ်သည်။ တရားနာရာ၌

၁။ မကြားဖူးသေးသော အကြောင်းအရာများကို ကြားရခြင်း၊

၂။ ကြားဖူးသော အကြောင်းအရာများကို ထပ်၍ ရှင်းလင်းစွာ
နားလည်ရခြင်း၊

ယဉ်ကျေးလိမ္မာ ဆုံးမစာ

၁။ အနန္တငါး၊ ဦးထိပ်ထား၊ ညွတ်တွားပါကွဲ့ မမေ့နဲ့။

၂။ ဆရာ မိဘ၊ ဆိုဆုံးမ၊ လိုက်နာကြကွဲ့ မမေ့နဲ့။

၃။ မိဦး ဖဦး၊ ဆရာဦး၊ ခူး၍နော်ကွဲ့ မစားနဲ့။

“ဆု” မတောင်းဘဲ ပြည့်တဲ့နည်း

ဓမ္မ ဆိုတဲ့ အဓိပ္ပါယ်ကို ဗုဒ္ဓက “သဘာဝရဲ့ အမှန်တရား” လို့ ပြောခဲ့တဲ့ အကြောင်း ဝိပဿနာ ဆရာကြီး ဦးဂိုအင်ဂါ က ၁၀ ရက် တရားပတ် မှာ ပြောပြခဲ့ပါတယ်။ သဘာဝရဲ့ အမှန်တရားဆိုတာ သဘာဝအတွင်းမှာ တည်ရှိနေကြတဲ့ သတ္တဝါတွေ အားလုံးအတွက် ထပ်တူထပ်မျှ မှန်ကန်တဲ့ အကြောင်းတရား ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲ (ဓမ္မဒူတ အရှင်ပညာဇောတ)

"ဆရာတော်ဘုရား၊ ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား၊ ဘာသာခြားတစ်ဦးဦးက မေးလာလျှင် မည်သို့ ဖြေရမှာပါလဲဘုရား တိုတိုရှင်းရှင်းနဲ့ နားလည်အောင် ပြန်ပြောပြနိုင်အောင် ဖြေဆိုတော်မူပါဘုရား၊ ဆရာတော်ဘုရားကို ဆရာလုပ်တာ မဟုတ်ပါဘုရား၊ အချို့က ဗုဒ္ဓဘာသာဆိုတာ -
(၁) ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်၊
(၂) အတိတ်ဘဝ ရှိတယ်လို့ ယုံကြည်ရမယ်၊
(၃) ဘဝရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ရှိတယ်လို့ ယုံကြည်ရမယ် - လို့ အမိန့်ရှိပါတယ်။"

ဗုဒ္ဓဘာသာ သမိုင်းအကျဉ်း

ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓ၀င်အကျဉ်း (သို့) ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။
သိလိုသူများအတွက် ရည်ရွယ်ကာ ရေးသား ပူဇော်လိုက်ပါသည်။

ကံကိုယုံပြီး ဆူးပုံမနင်းပါနှင့်

 ကံကိုယုံ၍ မပုံလိုက်ပါနဲ့ဆိုတာဟာ ကံပစ်ရေးဝါဒတစ်ရပ်ကို ထူထောင်ပြောကြားချင်လို့ မဟုတ်ပါဘူး ... “ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကုန်၏ ”
လို့မြတ်စွာ ဗုဒ္ဒက ဟောကြားတော်မူခဲ့တယ် မဟုတ်ပါလား ... သို့သော်လည်း ကံကိုပစ်ပယ်ခြင်းဟာ အစွန်းတစ်ဖက် ရောက်သလို ကံကို
ကိုးကွယ်ခြင်းဟာလည်း အစွန်းတစ်ဘက်ရောက်လွန်းနေပါတယ် ...

အသက်ရှည်အလှူ (၅) မျိုး၊အသက်ရှည်ကြောင်း ကုသိုလ်ကောင်းမှု (၆) ခု နှင့် အသက်ရှည်နည်း ၁၀-ချက်

- တိရစ္ဆာန်သတ္တဝါအား တစ်နပ်စာကျွေးမွေးခြင်းကြောင့် ဘဝ တစ်ရာ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း ချမ်းသာကြီးခြင်း၊ ဥာဏ်ပညာကြီးခြင်း အကျိုးငါးပါးရ၏။

- သီလမရှိသော ပုထုဇဉ်ကို တစ်နပ်စာ ကျွေးမွေးလျှင် ဘဝ တစ်သောင်း ကောင်းကျိုးငါးပါး ခံစားရ၏။

(၁၀၈)ကွက် စက်လက္ခဏာတော်များ

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ နှစ်ဖက်သော ခြေဖဝါးတော်
အပြင်တို့၌ တထောင်သော အကန့်၊ အကွက် အကွပ်တံကူ၊ ပုံတောင်း ချက်မနှင့်တကွ ဖြစ်ကုန်သော၊ ခပ်သိမ်းသောအခြင်းအရာတို့နှင့်ပြည့်စုံ ကုန်သော (၁၀၈)ကွက် စက်လက္ခဏာများမှာ---

ထီးလှုရခြင်း အကျိုး(၈)မျိုး