Thursday 7 February 2013

တရားအဘိဓမ္မာ နာကြားရခြင်းအကျိုး (၅)ပါး နှင့် ဆုံးမခြင်း အင်္ဂါ ( ၅ )ပါး

တရားအဘိဓမ္မာ နာကြားရခြင်းအကျိုး (၅)ပါး

တရားနာခြင်းကို "ဓမ္မဿဝန" ဟုခေါ်သည်။ တရားနာရာ၌

၁။ မကြားဖူးသေးသော အကြောင်းအရာများကို ကြားရခြင်း၊

၂။ ကြားဖူးသော အကြောင်းအရာများကို ထပ်၍ ရှင်းလင်းစွာ
နားလည်ရခြင်း၊


၃။ ယုံမှားသံသယ ဖြစ်နေသော အချက်များ၌ ယုံမှားကင်းရခြင်း၊

၎။ အယူမှန် သမ္မာဒိဋ္ဌိကို ရခြင်း၊

၅။ သဒ္ဓါ ပညာတိုးပွား၍ စိတ်ကြည်လင်ခြင်း ဟူသော အကျိုးငါးပါးကို ရနိုင်သည်။

[ဆောင်] .....သူတော်တရား ၊ နာယူငြားက ၊ မကြားစဖူး ၊ ကြားရဖူး၏။
ကြားဖူးပြီးပြန် ၊ ထပ်မံရှင်း၍ ၊ လွတ်ကင်းယုံမှား ၊ ဖြောင့်သားအယူ ၊
စိတ်ကြည်ဖြူသည် ၊ငါးဆူရမြဲ အကျိုးတည်း။

ဆုံးမခြင်း အင်္ဂါ ( ၅ )ပါး

(1)မသင့်လျော် မလျောက်ပတ်တဲ့အခါ မပြောပြသေးပဲ မဆုံးမသေးပဲ သင့်လျော်လျောက်ပတ်တဲ့အခါမှ ပြောပြဆုံးမပေးခြင်း ။


(2)မဟုတ်မမှန်သောစကားကို ဖယ်ရှားပြီး ဟုတ်မှန်သောစကားနဲ့သာ ဆုံးမခြင်း ။


(3)ကြမ်းတမ်းခက်ထန် နားမခံနိုငိဖွယ်စကားကို သိမ်မွေ့နုညံ့တဲ့စကားနဲ့သာ ဆုံးမခြင်း ။


(4)အကျိုးမရှိတဲ့စကားကိုဖယ်ရှားပြီး အကျိုးရှိတဲ့စကားနဲ့သာ ဆုံးမခြင်း ။


(5)အမျက်ဒေါသ မပါစေပဲ မေတ္တာတရားနဲ့သာ ဆုံးမခြင်း ။

တရားအသိတိုးပွားကြပါစေ။

No comments:

Post a Comment