Thursday 7 February 2013

ကံကိုယုံပြီး ဆူးပုံမနင်းပါနှင့်

 ကံကိုယုံ၍ မပုံလိုက်ပါနဲ့ဆိုတာဟာ ကံပစ်ရေးဝါဒတစ်ရပ်ကို ထူထောင်ပြောကြားချင်လို့ မဟုတ်ပါဘူး ... “ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကုန်၏ ”
လို့မြတ်စွာ ဗုဒ္ဒက ဟောကြားတော်မူခဲ့တယ် မဟုတ်ပါလား ... သို့သော်လည်း ကံကိုပစ်ပယ်ခြင်းဟာ အစွန်းတစ်ဖက် ရောက်သလို ကံကို
ကိုးကွယ်ခြင်းဟာလည်း အစွန်းတစ်ဘက်ရောက်လွန်းနေပါတယ် ...


တကယ်တော့ လူတစ်ယောက်အဖြစ်ရပ်တည်မှု မရှိခင်ကတည်းက ဘဝပေါင်းများစွာ အသေင်္ချေအနန္တ ကံတစ်ရားတွေဟာ ပါကောင်းပါ
လာနိုင်ပါတယ် ...အဲဒီ အတိတ်ကံတွေရဲ့အကျိုးပေးမှု အရ ဆင်းရဲတာ၊ချမ်းသာတာ၊ ဂုဏ်ရှိတာ၊ ဂုဏ်မဲ့တာ၊ ပညာရှိတာ၊ပညာမဲ့တာ၊
ရုပ်လှတာ၊ ရုပ်ဆိုးတာ၊ အချွေအရံနည်းတာ၊ အချွေအရံများတာ၊ကျန်းမာတာ၊မကျန်းမာတာစတာတွေရှိနိုင်ပါတယ်။

ဒါတွေကို ဘုရား၊ ရဟန္တာမှတစ်ပါး ဆင်ခြင်သိမြင်နိုင်သူ မရှိပါဘူး ... အဲဒီလို ဆင်ခြင်သိမြင်နိုင်ခြင်းမရှိတဲ့အတွက် မိမိလက်လှမ်းမမှီတဲ့
ကံ ဆိုတာကြီးကို ယုံစားပြီး ထင်သလိုနေလို့မဖြစ်ပါဘူး ... အတိတ်ကာလ ဘ၀ပေါင်းများစွာက ကံကိုအားကိုးတကြီးနဲ့ မျှော်လင့်နေမယ့်
အစား ပစ္စုပ္ပန်တည့်တည့်ကို မြင်အောင်ရှုပြီး လက်ရှိဘ၀၊ လက်ရှိ အချိန်၊ လက်ရှိအဆင့်နေရာ ကနေကောင်းတဲ့ကံတွေ ပြုမူ ကောင်းတဲ့
စိတ်နှလုံးသား မွေးမြူပြီး ကောင်းတဲ့၊ မှန်တဲ့၊ မြင့်မြတ်တဲ့ ကိုယ်ကျင့်တရားတည်ဆောက်၊ လက်ရှိဘ၀ကို၊ လက်ရှိအချိန်ကို အကောင်းဆုံး
အသုံးချ အမြင့်ဆုံးဘ၀ ရည်မှန်းချက်နဲ့ ရပ်တည်လုပ်ဆောင်သွားသင့်ပါတယ် ...

အရာရာ ကံ ကြောင့်ဆိုပြီးယုံစားခဲ့ရင် လက်ရှိမိမိဘ၀ အခြေအနေဟာ အစစအရာရာ ကံကြောင့်ပဲဆိုပြီး အမြင်နဲ့ တိုးတက်ကြီးပွားချင်စိတ်၊
ယှဉ်ပြိုင်ချင်စိတ်၊ ဘ၀ကိုအဓိပ္ပာယ်ရှိရှိ တန်ဖိုးထား ချင်တဲ့စိတ်တွေ ဆုံးရုံးရပါလိမ့်မည်။ ဆင်းရဲတာဟာလည်း ကံကြောင့်၊ ချမ်းသာတာကလည်း
ကံကြောင့်၊ သားသတ် သမားဖြစ်ရတာလည်း ကံကြောင့်၊ ဘုရားတကာ ဖြစ်ရတာလည်း ကံကြောင့်၊ တရားသူကြီးဖြစ်ရတာလည်း ကံကြောင့်၊
ခိုးဆိုးတိုက်ခိုက်နေကြတာတွေ၊ ကိုယ်ကျင့်တစ်ရား ပျက်ပြားကြတာတွေ၊ လည်သူစားတမ်းလုပ်နေတာတွေ အားလုံးဟာ ကံ ကြောင့်လို့ဆို
ရာရောက်နေပါတယ် ...

တစ်ကယ်တော့ ကံဆိုတာ အလုပ်ပဲ မဟုတ်ပါလား ... ကောင်းတာလုပ်ရင် ကောင်းကျိုး ခံစားရမှာ အမှန်ပါပဲ။ မကောင်းတာလုပ်ရင်
မကောင်းတဲ့ဒဏ်ကိုခံရမှာ မုချပါပဲ ... ယာယီအားဖြင့် အခြေအနေ အချိန်အခါ တစ်ခုအောက်မှာ ကောင်းတာလုပ်လျှက်နဲ့ ကောင်းကျိုးမခံစားရသူတွေ၊
မကောင်းတာ လုပ်လျက် ကြီးပွားချမ်းသာ နေတာတွေကို တွေ့မြင်နေရလို့တော့ စိတ်ဓါတ်မကျလိုက်ပါနဲ့ ...

ကောင်းရဲ့သားနဲ့ ကောင်းကြိုးမခံစားရသေးတာ၊ ဆိုးရဲ့သားနဲ့ ကောင်းကောင်းမွန်မွန် နေနေရသေးတာတွေဟာ ချွင်းချက်တွေပါ ... ယာယီတွေပါ ...
သဘာဝတရားရဲ့ နိယာမတရားအရတစ်ချိန်ချိန်မှာ မိမိရဲ့ အပြုအမူ လုပ်ဆောင်ချက်ရဲ့ အတိုင်းအတာ ပမာဏအတိုင်း ခံစားစံစားရမှာ မလွဲပါဘူး ...
ကောင်းတာလုပ်နေတဲ့သူတွေကောင်းကျိုးမခံစားရ သေးတာဟာ အချိန်မကျသေးလို့ပါ၊အရှိန်မရသေးလို့ဖြစ်ပါလိမ့်မယ် ... မကောင်းတာလုပ်တဲ့သူတွေ
ကောင်းကျိုးခံစားနေရတာ ဟာလည်း အချိန်မကျ သေးလို့ အရှိန်မသေသေးလို့ပါပဲ ... ဒီနေ့သစ်ပင်စိုက်လို့ ဒီနေ့ သစ်သီးချိုမြ မစားရပါဘူး ...

ဒီနေ့ရေတွင်းတူးလို့ ဒီနေ့ရေကြည်ချိုမြ မသောက်ရပါဘူး ... အချိန်ကာလဆိုတာစောင့်စားရတာပါပဲ ... အဲဒါကြောင့် “ ကံကိုယုံပြီး ဆူးပုံမနင်းပါနှင့် ”

No comments:

Post a Comment