Tuesday, 3 September 2013

၂၄ - ကြိမ်မြောက် ဒါနကုသလအဖွဲ့  ဖြူးမြို့ (ရပ်ဝေး) ဆွမ်းကပ်ခရီး

  ဒါနကုသလအဖွဲ့ ( ဖြူးမြို့  ) -၂၄-ကြိမ်မြောက် အဖြစ် မန္တလေးမြို့  မဟာဂန္ဒာရုံကျောင်း ၊ မင်းကွန်းတိ-နိ ကျောင်း တို့ တွင် တစ်နေ့ တာဆွမ်းကပ်ရန် ၁၂.၉.၂၀၁၃ နေ့ တွင် ဖြူးမှထွက်ပါမည်။

Thursday, 29 August 2013

ဖြည်းဖြည်း သက်သာ ပြုသင့်  တဲ့ အရာ ၅ မျိုး

၁။ ပညာ သင်တဲ့  အခါမှာ
၂။စီးပွား ရှာတဲ့  အခါမှာ
၃။တောင်တက်တဲ့  အခါမှာ
၎။ကာမဂုဏ် ခံစားတဲ့  အခါမှာ
၅။ဒေါသ အမျက် ထွက်တဲ့  အခါမှာ
     (လောကနီတိ)

သရဘင်္ဂဇာတ် လာ သူတော်ကောင်း လက္ခဏာ

၁။ မိမိ အား ပြုဖူးသော ကျေးဇူး ကို သိတတ်ခြင်း
၂။သိတဲ့ အတိုင်း ကျေးဇူး ဆပ်ခြင်း
၃။တည်ကြည်သော စိတ်သဘော ရှိခြင်း
၎။မိတ်ကောင်းဆွေကောင်း အင်္ဂါနှင့် ပြည့် စုံခြင်း
၅။ချဉ်းကပ်သင့်  ချဉ်းကပ်ထိုက်တဲ့ သူကို သတိထားရ်ျ စွဲမြဲစွာ ချဉ်းကပ်ခြင်း
၆။ဆင်းရဲ နွမ်းပါး နေတဲ့  မိတ်ကောင်း ဆွေကောင်း ခင်ပွန်းကောင်း ရဲ့ အမှုကိစ္စကို ဆောင်ရွက်ပေးခြင်း
        

သူတော်ကောင်း လက္ခဏာ

သူတော်လက္ခဏာ ။ ဆယ့် နှစ်ဖြာကား.....
စိတ်ထား ရှည်စွာ ။ မ၀ါကြွားခြင်း.....
မပြင်း ဒေါသ ။ မာန မထူး ....
ကျေးဇူး သိမြင် ။ ဂုဏ်လျှင် မပြိုင် ....
ပြည့် လှိုင် တင့် နိုး ။ကိုယ်ကျိုး ကိုသာ ....
မရှာ ပေလစ် ။သူ့ အပြစ်ကို ....
မှတ်ဆစ် မထား ။သူတစ်ပါးကို ....
စကား ပြစ်တင် ။မဆိုချင်ရှောင်း ....
မကောင်မှု၌ ၊ မကြိုက် မရွှင် ....
ကောင်းမှု မြင်သော် ၊ ကြည်လင်ဝမ်းသာ ....
သည်းခံ မှာလည်း ၊များစွာ ရှိသော် ...
လူသူတော်ဟု ၊အံ့ သြော် သိမြင် ....
မှတ်တုံ ကျင်လော့  ။    ။
           (လောကနီတိ ပျို့  )

Monday, 29 July 2013

မြဝတီ တိုက်ရိုက်အစီအစဉ်ဖြစ်သော MYAWADY LIVE ကို မိမိ MOBILE ဖုန်းထဲမှ တိုက်ရိုက်ကြည့်ရှု့နည်း




မြဝတီတိုက်ရိုက် အစီအစဉ်ကို ကြည့်ရှု့ရန် မိမိ mobile ဖုန်းတွင် Android Version 2.3.6 နှင့်အထက် ရှိရမည်ဖြစ်သည်။ ထို့နောက် မြဝတီမှ Download ပေးသော VPlayer apk ကို
မိမိဖုန်းတွင် Install ပြုလုပ်ရမည် ဖြစ်သည်။ ထို့နောက် mobile ဖုန်းအတွင်းမှ VPlayer ကို အောက်တွင် ပြထားသည့် ပုံပါအတိုင်း Setting ပြုလုပ်ရမည် ဖြစ်ပါသည်။